In the mid-20th century, as newly independent Asian nations emerged from decades of colonial rule, the continent faced a daunting challenge: vast geographical distances, fragmented infrastructure and deep Cold War geopolitical divides. Amid this complex landscape, Sithu U Nyun—a Myanmar development economist and diplomat—became one of the premier architects of…
ဦးညွန့်ဟာ နိုင်ငံတကာဆက်ဆံရေးစာမျက်နှာတွင် မြန်မာတစ်ဦးအဖြစ်သာမက အာရှတိုက်သားတစ်ဦးအဖြစ် အောင်မြင်ခဲ့သူ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ခဲ့သူ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကြီး ပေါ်ထွက်လာရေး၏ ဖခင်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၇နှစ် (၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။ အခု ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးနှင့်လူမှုရေးကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့်အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို အီးကဖေးဦးညွန့်လို့ လူသိများပါတယ်။ ၁၉၃၀ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့တဲ့ဦးညွန့်ဟာ မြန်မာနိုင်ငံတော်ဝန်ထမ်းဘဝနဲ့…
